Monday, June 9, 2008
.Shared by Myat Min Han
ဧရာဝတီတိုင်းမှာ ခရိုင် (District) ငါးခုရှိတယ်။ မြို့နယ် (Township) နှစ်ဆယ့်ခြောက်ခု ရှိတယ်။ မြို့နယ်ခွဲ (Sub Township) ခုနစ်ခု ရှိတယ်။ မြို့ငယ် (Town) သုံးဆယ့်လေးခု ရှိတယ်။ ကျေးရွာစု (Village Tract) တစ်ထောင့်ကိုးရာ
တစ်ဆယ့်နှစ်ခု ရှိတယ်။ ရွာ (Village) တစ်သောင်းတစ်ထောင့်ခုနစ်ရာ့တစ်ရွာ ရှိပါတယ်။ အောက်က အချက်အလက် တွေကတော့ လပွတ္တာ မြို့နယ်ဘက်မှာ ကယ်ဆယ်ရေး သွားမယ့် သူတွေ အတွက် အသုံးဝင်မယ်လို့ ယူဆမိပါတယ်။ အချက်အလက်တွေကို စုဆောင်းမယ်ဆိုရင် သက်ဆိုင်ရာ အခေါ်အဝေါ် တွေကိုလည်း သိထားရပါမယ်။
ဧရာဝတီတိုင်း (Ayeyarwady Division) အတွင်းရှိ ခရိုင်များ (Districts)
1. ပုသိမ် (Pathein)
2. ဟင်္သာတ (Hinthada)
3. မြောင်းမြ (Myaungmya)
4. မအူပင် (Maubin)
5. ဖျာပုံ (Pyapon)
မြောင်းမြခရိုင် (Myaungmya District) အတွင်းရှိ မြို့နယ်များ (Townships)
1. မြောင်းမြ (Myaungmya)
2. အိမ်မဲ (Einme)
3. လပွတ္တာ (Labutta)
4. ဝါးခယ်မ (Wakema)
5. မော်လမြိုင်ကျွန်း (Mawlamyinegyun)
လပွတ္တာမြို့နယ် အတွင်းရှိ မြို့နယ်ခွဲများ
1. လပွတ္တာ (Labutta)
2. ပြင်စလူ (Pyinsalu)
လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်များ (Wards)
1. အမှတ် ၁ ရပ်ကွက် No.1 Ward
2. အမှတ် ၂ ရပ်ကွက် No.2 Ward
3. အမှတ် ၃ ရပ်ကွက် No.3 Ward
4. အမှတ် ၄ ရပ်ကွက် No.4 Ward
5. အမှတ် ၅ ရပ်ကွက် No.5 Ward
6. အမှတ် ၆ ရပ်ကွက် No.6 Ward
7. အမှတ် ၇ ရပ်ကွက် No.7 Ward
8. အမှတ် ၈ ရပ်ကွက် No.8 Ward
9. အမှတ် ၉ ရပ်ကွက် No.9 Ward
လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာစုများ (Village Tracts)
1. အလယ်ရေကျော်
2. အမတ်
3. ဘိုင်းဒေါင့်ချောင်း
4. ဘေးပေါက်
5. ဘီတွတ်
6. ဘိုးပြေ့
7. ဓနိဆိပ်
8. ဂန့်အိပ်
9. ဂုံညင်းတန်း
10. လှိုင်းဘုန်း
11. လွှဇာ
12. ဖျာလိပ်
13. ထင်းပုံကွင်း
14. ကကရန်
15. ကညင်ကုန်း
16. ကဇောင်း
17. ကန်ဘက်
18. ကန့်ဘလာ
19. ကုက္ကို
20. ကုန်းကြီး
21. ကျောက်မှော်
22. ကြီးချောင်း
23. ကြိမ်ကုန်းကြီး
24. ကြိမ်ကွင်း
25. ကျူတော
26. ကျွန်းချောင်း
27. လပွတ္တလုပ် (မြောက်)
28. လပွတ္တလုပ် (တောင်)
29. မောင်ငယ်
30. မြစ်ကြီးဘိုး
31. မြစ်ပေါက်
32. ညောင်ချောင်း
33. ညောင်လန်း
34. ညောင်လိန်
35. အုန်းတပင်
36. ပက်ပြဲ
37. ပြင်အလန်း
38. စလူဆိပ်
39. ဆားချက်
40. ဆားကျင်း
41. ရှော်ချောင်း
42. ဆင်ခြေယာ
43. တပ်ကွင်း
44. တယ်ပင်တိုင်း
45. သနပ်ဖက်
46. သပြုကုန်း
47. သင်္ဃန်းကြီး
48. ရေတွင်းကုန်း
49. ရေတွင်းဆိပ်
50. ရွေး
လပွတ္တာမြို့နယ် ပြင်စလူမြို့နယ်ခွဲ အတွင်းရှိ ရပ်ကွက်များ
1. အမှတ် ၁ ရပ်ကွက် No.1 Ward
2. အမှတ် ၂ ရပ်ကွက် No.2 Ward
3. အမှတ် ၃ ရပ်ကွက် No.3 Ward
Download Detail Villages Information here [Link]
See Online Here [Google Doc]
နာဂစ်နှင့် ပတ်သတ်သော မြေပုံများ အချက်အလက်များ
Nargis Maps and Resources
HIC Myanmar
HIC တွင် Interactive Map နှင့် Map Catalog ဆိုပြီး နှစ်မျိုး တွေ့ရသည်။ မြန်မာပြည် ကွန်နက်ရှင် အနေအထားအရ Map Catalog က ပိုအဆင်ပြေသည်။ ယင်းအထဲတွင် UNOSAT မှမြေပုံများ၊ MIMU မှမြေပုံများ၊ USAID မှမြေပုံများ၊ ITHACA မှမြေပုံများ၊ DLR မှမြေပုံများ စသည်တို့ကို တွေ့ရသည်။
UNOSAT
ယူနိုဆတ် မြေပုံများမှာ တိကျသလို အလွန်အသုံးဝင်သည်။ မုန်တိုင်းဒဏ် ခံရသော ဒေသများနှင့် ပတ်သတ်ပြီး ယနေ့အထိ မြေပုံ စုစုပေါင်း ၄၄ပုံ ရှိသည်။ မြေပုံများကို High Resolution သို့မဟုတ် Low Resolution ကို PDF အနေဖြင့် ရယူနိုင်သည်။
Relief Web
မြေပုံ အစုံလင်ဆုံး ဝဘ်ဆိုဒ် တစ်ခု ဖြစ်သည်။ UNOSAT, USAID, NY Times, MIMU, FAO, WHO, DLR စသည့် နေရာအသီးသီးမှ မြေပုံများကို ရယူနိုင်သည်။
ITHACA
မြေပုံ အရည်အသွေး သိပ်မကောင်းသော်လည်း သက်ဆိုင်ရာ အချက်အလက်များမှာ အလွန်အသုံးဝင်သည်။
DLR
အီးမေးလ်ဖြင့် အကောင့်တစ်ခု ဖွင့်မှသာ မြေပုံများကို ဒေါင်းလုဒ် လုပ်ယူနိုင်သည်။
မှတ်ချက်
အဆိုပါ နေရာများတွင် မြေပုံများသာမက ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဒေသများနှင့် ပတ်သတ်သည့် သတင်း အချက်အလက်များကိုပါ ပြည့်ပြည့်စုံစုံ ရရှိနိုင်သည်။