
အမေရိကန် အနောက်ဘက်ခြမ်းကနေ အရှေ့ဘက်ခြမ်း နယူးယောက် မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်ထိ မြန်မာပြည် လွတ်မြောက်ရေး မိုင် ၃၀၀၀ကျော် ခရီးရှည် ချီတက်လာသူ နှစ်ယောက်ဟာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ကို ဇွန်လ ၇ရက် ညနေ ၆နာရီက ရောက်ရှိကြပြီး ဒေသခံ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ အတူ စစ်အာဏာရှင် တိုက်ဖျက်ရေး တပ်လှန့်နိုးဆော်တဲ့ အခမ်းအနားလုပ်ကြပါတယ်။






